Thursday, January 17, 2013

သူသိစေချင်

အချစ်အကြောင်း
နင်ကောင်းကောင်းမသိဘူးတဲ့လား
နင်ထားသွားရာ တောတန်းမှာ
မျှော်မှန်းလွမ်းရင် နာကျင်ခဲ့နှလုံးသားကို
ဝေဒနာတွေနဲ့ ထပ်မနှိပ်စက်ပါနဲ့
နင်တစ်ယောက်သာယုံစား
ငါအမှားရယ်မို့
အတောင်မစုံခင်က ကြွေလွင့်ခဲ့ရ
ဒီဘ၀ ဒီမျှနဲ့ပဲအဆုံးသတ်
တစ်ခန်းရပ်လိုက်တာ အကောင်းဆုံးမို့
နင်ထွက်သွားလိုက်ပါတော့.................

နင်နဲ့ဝေးခဲံတဲ့ငါ...
ခုဆိုကံတရားက
မျက်နှာသာပေးခဲ့ပြီ
အလှည့်အပြောင်းမှ
ကြင်နာတတ်တဲ့ချစ်သူတစ်ယောက်
မြင့်မားတဲ့စိတ်ကူးတွေနဲ့
ဘ၀ကိုရှေ့ဆက်လှမ်းရင်း
ပျော်မွေ့နေပေါ့